ပုသိမ်မြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပုသိမ် ဇူလိုင်  ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊မေ၊ဇွန်)လများအတွက် အသက်(၈၅)နှစ်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲအခမ်းအနားကို မြက်တို စုပေါင်းရုံးအစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ တာဝန် ရှိသူများက(ဧပြီ၊မေ၊ဇွန်)လများအတွက် အသက်(၈၅)နှစ်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ငွေများကိုအသီးသီးပေးအပ်ခဲ့ကြသည်။ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု၊ ကျေးရွာများမှ လူဦးရေစုစုပေါင်း(၁၈၈၉)ဦး အတွက်တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ငွေကျပ်သိန်းပေါင်း(၅၆၆၇၀၀၀၀)သိန်းကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြင့်ဟန်