မော်လိုက် ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂ခုနှစ် လူကုန်ကူးမှုနှိမ်နင်းရေး ဥပဒေပါပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် မြို့နယ်လူကုန်ကူးမှုတာဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက ဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၊ အဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးမြတ်သူရဇော်က ၂၀၂၂ခုနှစ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့်အဖွဲ့ဝင်များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်လူကုန်ကူးမှုတာဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ စုစုပေါင်း(၄၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)