မြစ်ကြီးနား ဇူလိုင် ၁
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျသောလူမှုပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရေး၊ ရာသီအလိုက်ပန်းအလှပင်များဖြင့် ပန်းမြို့တော်တစ်ခုဖြစ်လာစေရေး (၃)နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့တော်မြစ်ကြီးနားအား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ (၃)နှစ်တာ ကာလအတွင်း မြို့၏ ရှိရင်းစွဲ လမ်းလယ်ကျွန်းများ၊ တြိဂံအဝိုင်းများနှင့် အဓိကလမ်းမကြီးများ ဘေးဝဲ/ယာတို့တွင် မြေယာရှုခင်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် အလှပန်းပင်များ ပြုစုပျိုးထောင်၍ စိုက်ပျိုးဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ စည်ပင်သာ ယာရေးအဖွဲ့ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းစီမံကိန်း များအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး စည်ပင်သာယာရေးအဖွဲ့တစ်ခုထဲသာမက ပန်းချစ်သူ များအဖွဲ့၊ သန့်ရှင်း၍စိမ်းလန်းစိုပြေသောအသင်းအဖွဲ့များဖြင့် လူထုပူးပေါင်းပါဝင်လာစေရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ မြို့တော်ခန်းမဝင်းအတွင်းနှင့် တပ်ကုန်း(စံပြ)ရပ်ကွက်အတွင်းရှိ စည်ပင် သာယာရေးအဖွဲ့ပိုင် ပျိုးဥယျာဉ်(၂)ခုအတွင်း ပန်းမြို့တော်စီမံကိန်းအတွက် အာဆီယံသပြေ၊ စက္ကူပန်း၊ အုန်းပွား၊ နွယ်သာဂီပန်းရောင်စုံ၊ သပြေဘူတ၊ ပန်းအိ၊ ချယ်ရီ စသည့်ဒေသနှင့် ကိုက်ညီသည့် အလှပန်းပင်များ (၄၀၀၀၀)ကျော် ပြုစုပျိုးထောင်စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် မြို့သစ်ကြီးရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး (အောင်ဇေရန်အောင်ဘုရား အနီး) ရှိ မေခပန်းခြံအား မြေယာရှုခင်းပြုပြင်ဆောင်ရွက်နေမှု၊ Welcome To Myitkyina ဆိုင်းဘုတ် ကွန်ကရစ် ရင်ပြင်ပန်းခုံနှင့် ပန်းအလှအိုးများ ဆောင်ရွက်နေမှု၊ ပန်းခြံပတ်လည် သံပန်းခြံစည်းရိုး ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သရသည်။
ပြည်နယ်(ပြန်/ဆက်)