အုတ်တွင်းမြို့နယ်၊ ဂွေးတောက်ခင်ကျေးရွာအုပ်စု၊ အနောက်ဇီးကုန်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများ ဒသမအကြိမ်ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဂွေးတောက်ခင်ကျေးရွာအုပ်စု၊ အနောက်ဇီးကုန်းကျေးရွာ၌ ထုတ်ချေးပေးခဲ့သည်။

ရန်ကင်းမြို့နယ်တွင် ၀က်သက်ဂျိုက်သိုး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်နေပြည်သူလူထုအခြေပြုလျက် ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်းမှ အသက်၉လမှ၁၅နှစ်‌အာက် ကလေးငယ်များအား ၀က်သက်ဂျိုက်သိုးကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က စတင်၍ ရန်ကင်းမြို့နယ်တွင်းရှိ ဘုန်း‌ကြီး‌ကျောင်းများအရောက် လိုက်လံ့ထိုးနှံ‌ဆောင်ရွက်ပေးခဲ့ကြသည်။

ခန္တီးမြို့နယ်၌ ဖရဲသီးစိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် နှစ်ရှည်သီးပင်စားပင်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဖရဲသီးစိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျော့ကျစေရေးနှင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ လျော့နည်း ကျဆင်းစေရေး ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ခေါင်းဆေးကျွန်းကျေးရွာအုပ်စု၊ သာယာအေးကျေးရွာအတွင်းရှိ လုပ်သားပြည်သူများအား ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများတိုးပွားလာစေရန်၊ ဟင်္သာတခရိုင်အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျော့ကျစေရေးနှင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ လျော့နည်းကျဆင်းပပျောက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့သည်။

လပွတ္တာမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက် ၇ နာရီအချိန်က အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တီးတိန်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ချင်းပြည်နယ်တီးတိန်မြို့၌ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်နှင့် ကျန်းမာ‌ရေး ဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ တီးတိန်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို အဆိုပါကျောင်းတွင် ယနေ့နံနက်ကပြုလုပ်သည်။

ချောက်မြို့၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြော

မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5နှင့် Grade-9 နှစ်ဆုံးစာမေးပွဲဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၃ရက် နံနက်ပိုင်းက စတင်၍သက်ဆိုင်စာဖြေဌာနများ၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့၌ (၅) နှစ်အောက် ကလေးငယ်များအား Vitamin-A နှင့် သံချဆေးများတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကလေးငယ်များ ရောဂါဘယကင်းဝေးပြီး ဗလငါးတန်ဖွံ့ဖြိုးသည့် ကလေးများဖြစ်လာစေရန်အတွက် (၅) နှစ်အောက်ကလေးငယ်များအား Vitamin-A နှင့် သံချဆေးများတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မိခင်ကလေးကျန်းမာရေးဌာနတွင်‌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင်သတ်မှတ်ရည်ညွှန်းစျေးနှင့်အညီအိမ်ထောင်စုအလိုက်ဆီဝယ်ယူခွင့်စာအုပ်များနှင့်ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လက်လီကုန်မျိုးစုံဆိုင်များသို့ ကျေးရွာအရောက် ခွဲတန်းဆီများကို ဟင်္သာတမြို့နယ် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့များ၊ လက်ကားကိုယ်စားလှယ်များပူးပေါင်း၍ ကြီးကြပ်ပို့ဆောင်ဖြန့်ဖြူးရောင်းချပေးခဲ့ကြသည်။
Subscribe to