ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း (ပထမအကြိမ်) သင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်

မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine – MEVM) စက်များကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်က ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်းရှိ စကားဝါခန်းမတွင် ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အဆောင်များဆောက်လုပ်နေရာချထားပေးမှုနှင့် အဆောင်များ ဆက်လက်ဆောက်လုပ်နေမှုတို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ စုရပ်များတွင်နေထိုင်ကြသည့် ပြည်သူများ အတွက် အဆောင်များဆောက်လုပ်နေရာချထားပေးမှုနှင့် အဆောင်များ ဆက်လက်ဆောက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

နာဂဒေသ လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်လဟယ်မြို့တွင် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံခြင်းကို ယနေ့နံနက် (၀၈:၀၀)နာရီအချိန် လဟယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်း၌ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထိုးနှံပေးလျှက် ရှိကြောင်းသိရသည်။

နာဂဒေသ၊ လေရှီးမြို့၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ ဗဟိုသာသနာပြု‌ကျောင်းတိုက်၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

လဟယ်မြို့တွင် ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာ၀န်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်ပြည်သူများ စုပေါင်း၍ မြို့တွင်းသန့်ရှင်းသာယာလှပရေးအပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီကလဟယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာ ပြည်သူ့ဆေးရုံ၀န်း၌ ဆောင်ရွက်ခဲ့သည်။

တာလေမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက  တာလေတိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to