ခိုလမ်မြို့၌ မူလွန်(ဝမ်ဖွီး)နှင့် အ.မ.က (နောင်ပိန်)ကျောင်းတို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(ဝမ်ဖွီး)နှင့် အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တို့တွင် ဆောင်ရွက်ခဲ့သည်။

ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (နောင်ပိန်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ခိုလမ်မြို့၌ လူငယ်နှင့် မူးယစ်ဆေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ဝမ်ဖွီး)၌ လူငယ်နှင့်မူးယစ်ဆေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ်အတွင်း လမ်းပြုပြင်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်သူများ သွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် တောင်ကြီးမြို့နယ် အတွင်း ရှိ လမ်းများ ပြုပြင်နေမှု အခြေအနေများကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေး ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ချောင်းမကြီးရေလှောင်တမံနှင့် ရန်အောင်မြင်ရေလှောင်တမံသို့သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တမံပြုပြင်ဆောင်ရွက်နေမှုများနှင့် တမံမြေသား ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

တပ်ကုန်းမြို့နယ်၌ မဲရုံများ ဖွင့်လှစ်ထားရှိမည့် စာသင်ကျောင်းများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားမှုဖြင့် မြို့နယ်အတွင်း မဲရုံများဖွင့်လှစ်ထားရှိမည့် စာသင်ကျောင်းများ မီးလန့်မှုမဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ညောင်ရွှေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန်အတွက် အသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်‌ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရေပူကျေးရွာအုပ်စု ရေပူကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ညောင်ရွှေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ရေပူကျေးရွာအုပ်စုအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရေပူကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့ ကျက်သရေဆောင်ဘုရားငါးဆူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဩဝါဒခံယူပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ ကျက်သရေဆောင်ဘုရားငါးဆူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်​ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဩဝါဒစရိယ ဆရာတော်များထံမှ ဩဝါဒခံယူပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျောက်မှော်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to