အောင်မြေသာစံမြို့နယ်တွင် မန္တလေးလူငယ်သင်တန်းကျောင်းတွင် ကျောင်းပြင်ပမူလတန်းပညာရေးအခြေစိုက်စခန်း ဖွင့်လှစ်

ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာ‌ရေးဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ကျောင်းပြင်ပမူလတန်း ပညာရေးအခြေစိုက်စခန်း (မန္တလေးလူငယ်သင်တန်းကျောင်း) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်က လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အောင်လံမြို့၌ သီတဂူဇောတိကစက္ခုဒါနဆေးရုံတော်၌ မျက်စိဝေဒနာရှင်များ စမ်းသပ်ခွဲစိတ်ကုသပေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဓညဝတီရခိုင်ကျောင်းတိုက်အတွင်းရှိ သီတဂူဇောတိက စက္ခုဒါနဆေးရုံတော်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ကူညီပံ့ပိုးမှုဖြင့် မျက်စိဝေဒနာရှင်များကို စမ်းသပ်စစ်ဆေးခွဲစိတ် ကုသပေးလျက်ရှိသည်။

ပေါင်းတည်၌ မိုးစပါး ၇၃၅၁၄ ဧကအပါအဝင် မိုးရာသီ သီးနှံ ၁၁၆၆၉၀ ဧက လျာထားစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေးထုတ်ကုန်ကဏ္ဍမှ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့နှင့် တောင်သူများ ပူး​ပေါင်းကြိုးပမ်းလျက်ရှိကြောင်း သိရပြီး ယခု ၂၀၂၅ ခုနှစ်၊ မိုးရာသီသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၇၃၅၁၄ ဧကအပါအဝင် မိုးရာသီ သီးနှံစုစုပေါင်း ၁၁၆၆၉၀ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျိုက်လတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဘက်စုံထူးချွန် လူရည်ချွန်မောင်ဘုန်းသန့်လင်းအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ (၂၀၂၅)ဘက်စုံထူးချွန် လူရည်ချွန် Grade(9) ကျောင်းသား မောင်ဘုန်းသန့်လင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)က ဒေသတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးလုပ်ငန်းများ ပိုမိုကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်ရှိ မြို့နယ်အသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာတွင် သမဝါယမအသင်းသား တောင်သူများကို သွင်းအားစုများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် သမဝါယမအသင်းသား တောင်သူများထံသို့ သွင်းအားစုထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင် ၁ ရက်နေ့ နေ့လယ် (၃) နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

မင်းတုန်းမြို့တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သစ်တောဦးစီးဌာနက ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးလွင်သူနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ကျောင်းသားကျောင်းသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။

မင်းလှမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီအတွက်(ပထမအကြိမ်)ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ငါးလုပ်းငန်းဦးစီးဌာနက ၂၀၂၅ -၂၀၂၆ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် (ပထမအကြိမ်) ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံတင်ရောင်းချခြင်း အခမ်းအနားကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပျိုးပင်​ပေါင်း(၆၀၀)စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်  ဖောင်းလင်းကျေးရွာအုပ်စု ငွေတောင်ကျေးရွာတွင် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်အချိန်က မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဥ်ဖြင့် ရာသီဥတုပြောင်းလဲလာမှုများနှင့် အပူဒဏ်ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ အရိပ်အာဝါသနှင့်သစ်တောသစ်ပင်ပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများတွင်  ပြည်သူအားလုံးပူးပေါင်းပါဝင်စိုက်ပျိုးလာစေရန်ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to