ရေဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် Grade-5နှင့် Grade-9 နှစ်ဆုံးစာမေးပွဲဖြေဆို
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် မူလတန်း အဆင့် Grade-5နှင့် အလယ်တန်းအဆင့် Grade-9နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ၂၃ရက် နံနက်ပိုင်းမှ စတင်ကာ ရေဖြူမြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက်ရှိသည်။