ဟင်္သာတမြို့နယ်တွင် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျော့ကျစေရေးနှင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ လျော့နည်း ကျဆင်းစေရေး ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြော

ဟင်္သာတ ဖေဖေါ်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ခေါင်းဆေးကျွန်းကျေးရွာအုပ်စု၊ သာယာအေးကျေးရွာအတွင်းရှိ လုပ်သားပြည်သူများအား ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများတိုးပွားလာစေရန်၊ ဟင်္သာတခရိုင်အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျော့ကျစေရေးနှင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ လျော့နည်းကျဆင်းပပျောက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းက '' မီးခိုးမြူငွေ့၏ ဆိုးကျိုးများနှင့် လျော့ချနိုင်သော နည်းလမ်းများ'' ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ထို့နောက် မီးသတ်ဦးစီးဌာန၊သစ်တောဦးစီးဌာတို့မှ တာဝန်ရှိသူများက လည်းကောင်းအသိပညာပေးဟောပြောခဲ့ကြပြီးနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက '' လူသားနှင့် ရေထုညစ်ညမ်းခြင်း၏ ဆက်နွယ်မှု'' ခေါင်းစဥ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)