ချောက် ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီအရာရှိ ဒေါ်သိမ့်ဝါက “လူကုန်ကူးမှုဆိုတာဘာလဲ၊ လူကုန်ကူးမှုနဲ့ လူမှောင်ခိုကူးမှုတို့၏ကွာခြားချက်၊ လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းအရင်း၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုကျူးလွန်မခံရအောင် ဘယ်လိုကာကွယ်မလဲ စသည့်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတာဝန်ရှိသူ ဒေါ်လဝန်းဖြူသန့်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)