စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ ၂၀၂၅-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ‌ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ ၂၀၂၅-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ အ.လ.က(ခွဲ)‌ မြို့သစ်(၁)ကျောင်းဝန်းအတွင်၌ကျင်းပ ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့မွန်းလွဲ (၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဒေသတွင်း စိမ်းလန်းစိုပြည်သာယာလှပစေရန်အတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲက သရက်-မင်းလှကားလမ်း မိုင်တိုင်အမှတ်(၄၄/၃)စစ္စနို့လမ်းဆုံအနီး မြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ဆိုင်ရာ ဥပဒေရှင်းလင်းပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ဆိုင်ရာ ဥပဒေရှင်းလင်းပွဲကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

သစ်တောသစ်ပင်တို့သည် လူသားများအတွက်သာမက တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင် မြေဆီလွှာ၊ ရာသီဥတု၊ လေမုန်တိုင်း၊ သဘာဝဘေးအန္တရာယ်များကိုလည်း နည်းမျိုးစုံဖြင့် ကာကွယ်ပေးနေသည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်များ ပြုန်းတီးမှုမှကာကွယ်ရန် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် (၈) နာရီအချိန်က ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာ၊ ပြည်-တောင်ကုတ်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁/၇) တွင် ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာကာ စိုးရိမ်ရေမှတ်ရောက်ရှိရန် ၅၉ စင်တီမီတာ၊ ၁ ပေခွဲခန့်အလိုရောက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၆၂ စင်တီမီတာခန့် ၂ ပေခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံဒေါ်ခင်လှနုထွေးထံက သိရသည်။

ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးနှင့်ဥပဒေရေးရာအကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုင်ခေါင်ကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမျိုးသမီးနှင့်ဥပဒေရေးရာအကြောင်း အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ ခန်းမ၌ ပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၉၄) စက်မှုလယ်ယာစခန်းမှ ကူဘိုတာ(၆)တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက သဲကုန်းမြို့နယ် ရပ်ကွက်(၄)၊ ရွှေကြို့ပင်ကွင်း၊ ကွင်းအမှတ်(၈၈၅)ရှိ တောင်သူ ဦးသိန်းဇော်ထွန်း၏ စိုက်ကွင်းတွင် ပြုလုပ်ခဲ့ကြသည်။

ဆီဆိုင်မြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
Subscribe to