တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) ကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်၌ အခမဲ့အ‌‌ခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ အခြေခံကွန်ပျူတာ လေ့လာတတ်မြောက်နိုင်စေရန်အတွက် အခမဲ့ကွန်ပျူတာသင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မအူပင်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိမြို့နယ် (၃) မြို့နယ်၌ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နေအိမ်များ အားဖြည့်မွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းများအား ယနေ့နံနက် ၁၀ နာရီက မအူပင်မြို့နယ်၊ ကွန်စုကျေးရွာတွင် ဆောင်ရွက်သည်။

ရွှေဘိုမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 နှစ်ဆုံးစာမေးပွဲ၊ အင်္ဂလိပ်စာဘာသာရပ်ကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နံနက် (၁၁) နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာစာဖြေဌာနများ၌ စိတ်အေးချမ်းသာစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောကာ မီးငြှိမ်းသတ်ရေး သရုပ်ပြ

ခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနမှ ဖေဖော်ဝါရီလ နံနက် ၁၀ နာရီ ၃၀မိနစ်အချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စက်မှုဇုန်(၁)မိုးကုတ်လမ်းရှိ အေးရှားဝေါ်ကုပ္မဏီပိုင် ပီနံအိတ်ချုပ်စက်ရုံဝန်ထမ်းများအား အသိပညာပေးဟောပြောခြင်းနှင့်အတူ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ကြကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက (Book Club) စာပေချစ်သူများ အဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဇော်အောင် (လှိုင်သာယာ) ရေးသားထားသည့် ''ခဏလေးပါ" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယ‌နေ့ နေ့လယ် (၁) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးလုံခြုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

န်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ  ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများစစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ မီးဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်ပါ မီးသတိပေးဆိုင်းဘုတ် စိုက်ထူပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက “သင့်ကြောင့်မီးမလောင်ပါစေနှင့်” ဆောင်ပုဒ်နှင့် အရေးပေါ်ဆက်သွယ်ရမည့်ဖုန်းနံပါတ်ပါ မီးသတိပေးဗီနိုင်းဆိုင်းဘုတ်ကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နံနက် ၉ နာရီအချိန်က အုတ်ပုံစုရပ်ကွက်၊ ဂျိုးဖြူကန်လမ်းနှင့် ဒေါနလမ်းထိပ်တွင် စုပေါင်းစိုက်ထူသည်။
Subscribe to