မြန်အောင်မြို့နယ်၌ ကျေးလက်လမ်းတံတား လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်လမ်းတံတားလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၄ ရက်တွင် တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကျုံပျော်မြို့နယ်၌ ဆောင်းနေကြာသီးနှံ ဝတ်မှုံကူးခြင်းဆောင်ရွက်

ပြည်တွင်းစားသုံးဆီ ဖူလုံစွာရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း ဆောင်းနေကြာသီးနှံများ စိုက်ပျိုးထားရှိလျှက်ရှိရာ သီးနှံများ ပိုမိုအောင်မြင်ဖြစ်ထွန်းရေးအတွက် နေကြာဝတ်မှုံကူခြင်းလုပ်ငန်းများကို ကွင်းကြီးကျေးရွာအုပ်စု၊ တောင်သူဦးသိန်းစိုး၏ လယ်မြေ ၃ ဧက၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး၊ တက္ကသိုလ်ဝင်တန်း Grade-12 အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွက် လျှပ်စစ်ဓာတ်အားပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဘူးဂါးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

လပွတ္တာမြို့နယ်တွင် ခရီးသည်တင်ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်မီးသတ်စခန်းနှင့်ရေမိုင် ၈ မိုင်ခန့်ကွာဝေးသော ဆားကျင်းကျေးရွာအုပ်စု၊ ရင်ဒီးလေးကျေးရွာအနီး ဆားကျင်းချောင်းအတွင်း ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် စက်လှေတစ်စီးနစ်မြှုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ နွေစပါး (၄၄၀၈၈ )ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ယခုနှစ်နွေစပါးရာသီတွင် နွေစပါးလျာထား (၄၅၃၄၅)ဧကကို  ဇန်နဝါရီလအတွင်းမှ စတင်ကာ မြို့နယ်အတွင်းရှိ တောင်သူများမှ စိုက်ပျိုးကြရာ (၄၄၀၈၈)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရွှေကျင်မြို့တွင် မီးဘေးလုံခြုံရေး၊ ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက်၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးရုံးတွင် မီးဘေးလုံခြုံရေး၊ ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

မကွေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးမည်

ကျောင်းသား၊ကျောင်းသူကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်လာစေရန်နှင့် အားလပ်ရက်များတွင်အချိန်များအား အကျိုးရှိရှိသုံးစွဲနိုင်စေရန်ရည်ရွယ်၍ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့် လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့၌ စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်း သင်တန်းအမှတ်စဉ် (၅/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကျင်းပ

စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမျိုးစေ့အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် “စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းသင်တန်း အမှတ်စဉ် (၅/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မင်းလှမြို့နယ်တွင် အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အိုင်အိုဒင်းဆား ရောင်းချမှုအရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဇေယျာသီရိဈေးတွင် ဆောင်ရွက်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ အမျိုးသမီးနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဇမ္ဗူသီရိမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များအား   ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယ‌မန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to