ပေါက်ခေါင်းမြို့နယ်၌ ဆောင်းမြေပဲ (၅၇၁၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ ရိတ်သိမ်းနိုင်ရေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းမြေပဲကို (၅၇၁၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ အောင်မြင်စွာရိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေတောင်မြို့နယ်၌ နွေစပါး ၁၅၉၉ ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး ၁၅၉၉ ဧက စိုက်ပျိုးပြီးစီးကာ အောင်မြင်ဖြစ်ထွန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်လံမြို့၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလအသင်း၏ စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်ဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များ သာသနာ့တာဝန်ကို ပိုမိုထမ်းဆောင်နိုင်စေရန်နှင့် ပရိယတ္တိစာပေများ ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလအသင်းကြီးမှ ကြီးမှူးကျင်းပသော (၂၃) ကြိမ်မြောက် စာအောင်ဆုနှင်းသဘင်နှင့် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်လံမြို့၊ ကျောင်းစုရပ်ကွက်၊ ပြည်လမ်းရှိ အေးစေတီဘုရားတန်ဆောင်းတော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်(၃၀၀)အတွက် အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ရန် ပံ့ပိုးငွေပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာနေပြည်သူများ၏ နေအိမ်များအား  လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပံ့ပိုးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သံဖြူဇရပ်မြို့နယ် စာစစ်ဌာနများ၌ Grade ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ဖြေဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ ဒုတိယ​နေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စာစစ်ဌာနအသီးသီးတွင် ဆက်လက်ဖြေဆိုခဲ့ကြသည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပန်းတောင်းမြို့နယ်၌ ဥပဒေညွှန်ကြားချက်များနှင့်အညီ ကန့်ကွက်ထားသော စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေညွှန်ကြားချက်များနှင့်အညီ ကန့်သတ်ထားသော စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ရောင်းချခြင်းရှိ/မရှိ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီ၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်​စိုက်ကြပ်အဖွဲ့ဝင်တို့မှ ယမန်နေ့ကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

သန်လျင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိ

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ Grade 5 နှင့် Grade 9 အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့ နံနက် (၉) နာရီမှ ဆက်လက်ဖြေဆိုလျက်ရှိသည်။

လားရှိုးမြို့တွင် အသက် (၇၀) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး တတိယအကြိမ်‌မြောက် သက်ကြီးဘိုးဘွားပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အသက် (၇၀) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး တတိယအကြိမ်‌မြောက် သက်ကြီးဘိုးဘွားပူဇော်ပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လားရှိုးမြို့ရှိ သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။

တောင်ကြီးမြို့၌ ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန်အတွက် EOI အဆိုပြုလွှာ စီစစ်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန်အတွက် EOI အဆိုပြုလွှာစီစစ်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အစည်းဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
Subscribe to