ကျိုက်လတ်၌ RS to CS စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီ မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး (RS to CS) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၃၀)နာရီက ပန်းဘဲစုကျေးရွာ၊ ကွင်းအမှတ်(၁၁၈)၊ ဦးပိုင်အမှတ်(၁/၂)ရှိ တောင်သူဒေါ်ကျင်ဆိုင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။