တီးတိန် ဖေဖော်ဝါရီ ၂၄
ချင်းပြည်နယ်တီးတိန်မြို့၌ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်နှင့် ကျန်းမာရေး ဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ တီးတိန်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို အဆိုပါကျောင်းတွင် ယနေ့နံနက်ကပြုလုပ်သည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခြင်းအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်အဖွဲ့ဝင်များက သွားရောက်အားပေးကာ ဆေးဝါးများနှင့် အားဖြည့်ဓာတ်ဆားထုပ်များပေးအပ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)