လပွတ္တာမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ

လပွတ္တာ ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက် ၇ နာရီအချိန်က အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် လပွတ္တာခရိုင်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လပွတ္တာမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့၏ စီမံကြီးကြပ်မှုဖြင့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၊ မြို့နယ်ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်လုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ညှိနှိုင်းပေါင်းစပ်၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်( ၁ )ပြည်လျှင် (၂၀၀၀) ကျပ်၊ ဆီ (၅၀) ကျပ်သားလျှင် (၃၅၀၀) ကျပ်၊ ဝက်သား (၂၀) ကျပ်သားလျှင် (၅၀၀၀) ကျပ်၊ ကြက်ဥ (၁၀) လုံးလျှင် (၄၀၀၀) ကျပ်နှုန်းတို့ဖြင့် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ လပွတ္တာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များမှ ပင်စင်စား ဝန်ထမ်းများအား အခြေခံစားသောက် ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ပင်စင်စားဝန်ထမ်းများအား ကိတ်မုန့်နှင့်ရေသန့်များ ကျွေးမွေးခဲ့ကြောင်းနှင့် လပွတ္တာမြို့နယ်အတွင်းရှိ ပင်စင်စားဝန်ထမ်း (၁၅၃၇) ဦးရှိကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)