ခန္တီး ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကလေးငယ်များ ရောဂါဘယကင်းဝေးပြီး ဗလငါးတန်ဖွံ့ဖြိုးသည့် ကလေးများဖြစ်လာစေရန်အတွက် (၅) နှစ်အောက်ကလေးငယ်များအား Vitamin-A နှင့် သံချဆေးများတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ မိခင်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက (၅) နှစ်အောက်ကလေးငယ်များအား ခန္ဓာကိုယ်ပေါင်ချိန်ပေးပြီး Vitamin-A နှင့် သံချဆေးများ တိုက်ကျွေးခဲ့ကြသည်။ အဆိုပါကာကွယ်ဆေးတိုက်ကျွေးခြင်းကို (၁)နှစ်လျှင် (၂) ကြိမ်နှုန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ဒုတိယအကြိမ် ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကမ်းကီး (ပြန်/ဆက်)