ချောင်းဆုံမြို့နယ်၌ (စနစ်တကျ) လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ ပူးပေါင်းပါဝင်သည့် စနစ်တကျ အဆင့်မြင့်လယ်ယာမြေများ ဖော်ဆောင်နိုင်ရေးအတွက် မွန်ပြည်နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့နှင့် ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၉)နာရီက ကျွန်းသာယာခန်းမ၌ နတ်မှော်ကျေးရွာ၊ ကွမ်ရိုက်ကျေးရွာနှင့် ကမာကေးကျေးရွာများရှိ တောင်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။