ညောင်လေးပင်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဖေဖော်ဝါရီ ၂၃ ရက် နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများ မီးလောင်မှုမဖြစ်ပွားစေရန် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်  စက်ရုံ၊ အလုပ်ရုံများ မီးလောင်မှုမဖြစ်ပွားစေရန် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး/အကြံပြုခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်(၁၀)နာရီမှစတင်၍ နေ့စဉ်ရွှေသံလွင်စက်မှုဇုန်အတွင်းတွင် မီးသတ်ဦးစီးဌာန တာ၀န်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ရေတာရှည်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန (ဗဟန်း)တွင်စာရေးဆရာမ မြတ်နိုးရှင်း၏"လိုအပ်တာတွေ"ဆောင်းပါးဖြင့် Book Club စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာမ မြတ်နိုးရှင်း၏"လိုအပ်တာတွေ"ဆောင်းပါးဖြင့် Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုး၊ ဗဟန်း Book Club အဖွဲ့ဝင်များ၊ မြန်မာ့တံခွန်အယ်ဒီတာချုပ် ဆရာဦးသူရဇော်နှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြဆောင်ရွက်

ပဲခူးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးတွင် ပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်တွင် အသက်၁၅နှစ်​အောက်ကိုရင်​လေးများအား ဝက်သက်ဂျိုက်သိုး​ရောဂါကာကွယ်​ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် အသက် ၉ လ မှ ၁၅ နှစ်‌အာက် ကလေးငယ်များအား ၀က်သက်ဂျိုက်သိုးကာကွယ်ဆေးထိုးနှံပေးခြင်းကို ဖေဖော်ဝါရီလ နံနက် ၉ နာရီအချိန်က စတင်၍ အင်းစိန်မြို့နယ်တွင်းရှိ ဘုန်း‌ကြီး‌ကျောင်းများအရောက် လိုက်လံထိုးနှံ‌ဆောင်ရွက်ပေးခဲ့ကြသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade (5) နှင့် Grade (9) ကျောင်းသား၊ ကျောင်းသူများ ဒုတိယနေ့ (အင်္ဂလိပ်စာ) စာမေးပွဲအား ဆက်လက်ဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade(5)နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade(9) ကျောင်းသား၊ ကျောင်းသူများ၏ ဒုတိယနေ့ (အင်္ဂလိပ်စာ) စာမေးပွဲအား ယနေ့နံနက် ၉ နာရီတွင် ပဲခူးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများ၌     အေးချမ်းစွာဆက်လျက်ဖြေဆိုလျက်ရှိသည်။

ရွှေသောင်ယံမြို့တွင် အသွားအလာများ၍ဖုန်ထခြင်းမှကာကွယ်နိုင်ရန် မြို့တွင်းမြေသားလမ်းပိုင်းများအားရေဖြန်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင်း ကမ်းခြေလမ်းမကြီးတစ်​ လျှောက်ရှိ အချို့မြေသားလမ်းပိုင်းနေရာများတွင် ကား၊ ဆိုင်ကယ် အစရှိသည့်မော်တော်ယာဥ်များသွားလာလှုပ်ရှားရာ၌ ဖုန်မှုန့်များထ၍ လမ်းဘေးရှိလူနေအိမ်များ၊ ရုံးဌာနများတို့တွင် ဖုန်မှုန့်များကြောင့်အခက်အခဲကြုံတွေ့နေရသဖြင့် ရွှေသောင်ယံမြို့ ၊ မြို့အုပ်ချုပ်ရေးမှူး၏အစီအစဉ်ဖြင့် တစ်နေ့နှစ်ကြိမ်ခန့်လမ်းမကြီးတစ်​လျှောက် ရေဖြန်းခြင်းဖြင့် ဖုန်မှုန့်ထခြင်းမှကာကွယ်နိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။

ဒေးဒရဲမြို့နယ်အား Clean City၊ Green City ဖြစ်စေရေး စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အား Clean City, Green City. ဖြစ်စေရေး၊ သန်ရှင်းသာယာလှပစေရေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ကစဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်း များ၌ Gread- 5 ၊ Gread- 9 ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေး ပွဲဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခြင်းနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများသည် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ရောက်ရှိရာ Gread- 5 ၊ Gread- 9 ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနေချိန်ကာလနှင့် ပြီးဆုံးချိန်ကာလအထိ ကျန်းမာရေးစောင့်ရှောက်မှုများပေးထားရေး၊ ကျောင်းပတ်ဝန်းကျင်ဆူညံမှုမရှိစေရေး၊ လျှပ်စစ်မီးပျက်တောက်မှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေးတို့အား စာမေးပွဲကြီးကြပ်ရေး မှူးများနှင့် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
Subscribe to