ဟင်္သာတမြို့နယ်တွင်သတ်မှတ်ရည်ညွှန်းစျေးနှင့်အညီအိမ်ထောင်စုအလိုက်ဆီဝယ်ယူခွင့်စာအုပ်များနှင့်ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ဟင်္သာတ ဖေဖေါ်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လက်လီကုန်မျိုးစုံဆိုင်များသို့ ကျေးရွာအရောက် ခွဲတန်းဆီများကို ဟင်္သာတမြို့နယ် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့များ၊ လက်ကားကိုယ်စားလှယ်များပူးပေါင်း၍ ကြီးကြပ်ပို့ဆောင်ဖြန့်ဖြူးရောင်းချပေးခဲ့ကြသည်။

အဆိုပါ ဖြန့်ဖြူးရာတွင် ဟင်္သာတမြို့နယ်အတွင်း IBS ကုမ္မဏီနှင့် ThanThar ကုမ္မဏီများမှ သတ်မှတ်ရည်ညွှန်းစျေးနှင့်အညီ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များနှင့် စားအုံးဆီများကို နိဗ္ဗန်တိုက်နယ်ရှိ ရွာမ၊ ငါးဘတ်အင်းမြောက်၊ ရိုးကြီး၊ မရမ်းချို၊ ပေါက်တန်းလေး စသည့်ကျေးရွာများရှိ လက်လီကုန်မျိုးစုံဆိုင်များသို့ ကျေးရွာအရောက် မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့များ၊ လက်ကားကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကြီးကြပ်ပို့ဆောင်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)