မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာ‌ရေး အသိပညာပေးဟောပြောပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ပညာသိင်္ဂီဘုန်း‌တော်ကြီးပညာသင်ကျောင်းနှင့် ဇလွန်ဘုန်းတော်ကြီးပညာသင်ကျောင်းများ၌ ဇူလိုင် ၁ ရက်နေ့ မွန်လွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

ရွှေတိဂုံစေတီတော်ကြီး၌ လုပ်ငန်းခွင်မွမ်းမံသင်တန်း ဖွင့်ပွဲကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ရုံးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို‌ ရွှေတိဂုံစေတီတော်ရှိ‌ ဒေါ်‌‌ငွေဇင်တန်ဆောင်း (ရေကြည်တော်ဝတ်အသင်းတန်ဆောင်း)၌ ကျင်းပသည်။

ကိုဗစ်ကာကွယ်ဆေး (Covid.19  Pfizer vaccine) ရန်ကင်းမြို့နယ်၌ ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Covid-19 Pfizer Vaccine ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ​မန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စုပေါင်းဇာတ်တိုက်လေ့ကျင့်

ကျိုက်ထိုမြို့နယ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စုပေါင်းဇာတ်တိုက်လေ့ကျင့် ကျိုက်ထို ဇူလိုင် ၃ ပြည့်ဖြိုး(ကျိုက်ထို)

ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသား/ ကျောင်းသူများ အင်အားပြည့်မှီရေး ဟောပြောပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသား/ကျောင်းသူများ အင်အားပြည့်မှီရေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့၊ တာငါးဆယ်မြောက်ရပ်ကွက်၊ ဈေးကလေးလမ်းရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း နဝရတ် ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ခန္တီးမြို့၌ လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များအတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)ကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to