ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ မီးဘေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ မီးဘေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်မှုကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ရာ အဆိုပါကျောင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

မိုင်းပျဉ်းမြို့တွင် လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မည့် နေအိမ်(၇၉၂)လုံးအတွက် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအတွက် ညှိနှိုင်းအစည်းအဝေးနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ(ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာအာကသအေဂျင်စီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လသာမြို့နယ်အတွင်းဆေးဆိုင်များ လိုင်စင်သက်တမ်းတိုးလျှောက်ထားမှု ကွင်းဆင်းစစ်ဆေး

ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ ရန်ကုန်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာညီညီဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသုဝေနှင့် အဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်းရှိ CLL OEC အထူးကုဆေးခန်းမှ ဆေးဆိုင်၏ သာမန်ထိန်းချုပ်လိုင်စင်သက်တမ်းတိုးလျှောက်ထားမှုအား ယ‌နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5နှင့် အလယ်တန်းဆင့် Grade-9 ကျောင်းသား၊ကျောင်းသူများ၏ ပြီးမြောက်မှုနှစ်ဆုံးစာမေးပွဲကို အေးချမ်းစွာဖြေဆိုလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အလယ်တန်းဆင့် Grade-9 အတန်းများ၏ ပြီးမြောက်မှု နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့တွင် အင်္ဂလိပ် စာဘာသာရပ်ကို နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုလျက်ရှိသည်။ 

လက်ပံတန်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လက်ပံတန်းမြို့မ ရဲစခန်းနှင့်  မီးရထားစက်ခေါင်းရုံတို့၌ ပြုလုပ်ခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန (၄) ခုတွင် ကျောင်းသား/သူ (၂၆၃၃) ဦး ဝင်ရောက်ဖြေဆိုမည်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်တွင်‌ မတ်လ (၁၁) ရက်နေ့တွင် ဖြေဆိုမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန (၄) ခုတွင် ကျောင်းသား/သူ (၂၆၃၃) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လားရှိုးမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် (Grade 5) နှင့် (Grade-9) နောက်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ အင်္ဂလိပ်စာဘာသာအား ဆက်လက်ဖြေဆိုလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာဘာသာအား ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်‌ရာကျောင်းများတွင် ဖြေဆိုလျက်ရှိကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၌ လူငယ်နှင့် ပညာတတ်စိတ် ခေါင်းစဉ်ဖြင့် Talk Showဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၌ လူငယ်နှင့် ပညာတတ်စိတ် ခေါင်းစဉ်ဖြင့် Talk Showဆောင်ရွက် နေပြည်တော် ဖေဖော်ဝါရီ ၂၅ အောင်သူရဦး(ဒက္ခိဏ)
Subscribe to