ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်ဘိုးဘွားရိပ်သာသို့ အလှူငွေနှင့်ချီးမြှင့်ပစ္စည်းများ လှူဒါန်း၊ စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဘိုးဘွားရိပ်သာသို့ အလှူငွေနှင့် ချီးမြှင့်ပစ္စည်းများလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်၏ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တက္ကသိုလ်မှ ပညာရေးအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာနိုင်ငံ၌ အကြီးကျယ်အခမ်းနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဒုတိယနေ့ ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ ပြင်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ၌ အကြီးကျယ် အခမ်းနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဒုတိယနေ့ ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှုအားပေး၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်ကာ သာယာလှပပြီး မြို့၏အင်္ဂါရပ်များနှင့်ကိုက်ညီစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ မော်လမြိုင်-ဘားအံ ကားလမ်းမကြီးဘေး၊ စက်မှုဇုန်ရှေ့၌ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့အတွင်း လှည့်လည်ပူဇော်ခြင်းနှင့် စေတီတော်ကြီးသို့ ပင့်ဆောင်ခြင်းအခမ်းအနားတက်ရောက်

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့ အတွင်းလှည့်လည်ပူဇော်ခြင်းနှင့် စေတီတော်ကြီးသို့ ပင့်ဆောင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူဝိပဿနာတက္ကသိုလ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Digital For Youth-2026 Project ပြပွဲ၊ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Digital For Youth-2026 Project ပြပွဲ၊ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-9 ပထဝီဝင်ဘာသာရပ်နှင့် Grade-5 သိပ္ပံဘာသာရပ် နှစ်ဆုံးစာမေးပွဲဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  Grade-9 သမိုင်းဘာသာရပ်နှင့် Grade-5 လူမှုရေးဘာသာရပ်ကို ယနေ့နံနက် ၉နာရီက ဆက်လက်ဖြေဆိုသည်။

လသာမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း ဦးဆောင်သော ပေါင်းစပ်အဖွဲ့များသည် ယမန်နေ့နေလယ်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ ဈေးများအတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

လသာမြို့နယ်၌ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

လသာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ အမှတ်(၉)နှင့် အမှတ် (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များပူးပေါင်း၍ ယ‌မန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဝက်သက်-ဂျိုက်သိုး ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို  ဆောင်ရွက်ခဲ့ကြသည်။
Subscribe to