တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ‌ ဆောင်ရွက်‌နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးထားသော ပဲကြီးသီးနှံများစတင်ခူးဆွတ်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး ပဲကြီးသီးနှံ (ဒေသမျိုး ၁၃၉ ဧက) စိုက်ပျိုးထားရှိပြီးဖြစ်ရာ ယခုအခါ စတင်ခူးဆွတ်ရိတ်သိမ်းလျက်ရှိလျက်ရှိသည်။

အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၊၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

သာသာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပနေမှုအား ကြည့်ရှုအားပေးပြီး ဒေသဖွံ့ဖြိုးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအားကစားကွင်း၌ ပြည်သူများအား  မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကျင်းပဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် (သင်္ဃန်းကျွန်းစျေး၊ ငမိုးရိပ်စံပြစျေး) တို့တွင်  မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဟောပြော၊ မီးငြိမ်းသတ်ရေးပစ္စည်းများစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်

ယခုအခါ ပူပြင်းခြောက်သွေ့သောရာသီသို့ ကျ‌‌ရောက်လာပြီဖြစ်ရာ သင်္ဃန်းကျွန်းစျေး၊ငမိုးရိပ်စံပြစျေးနှင့်Global Wave Technology တို့တွင် စျေးများအတွင်းမီးမတော်တဆမှုများနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊မီးငြိမ်းသတ်ရေးပစ္စည်းများ စစ်ဆေးခြင်းနှင့် မီးဘေးအသိပညာပေးဟောပြော/ ဆွေးနွေးခြင်းများ သင်္ဃန်းကျွန်းမြို့နယ်တွင် ပူးပေါင်းအဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌  ဟိုတယ်၊ ဈေးနှင့် ရုံးဌာနများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်၊ ဈေးနှင့် ရုံးဌာနတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေး၊ အောင်သာယာဈေး၊ ဆိပ်ကမ်းသာဈေးနှင့် ဗိုလ်ချုပ်ဈေးတို့တွင် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက UTS ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀နာရီအချိန်က အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ သန့်ရှင်းသာယာသပ်ရပ်စေရေး အတွက် ယနေ့နံနက် ၆ နာရီတွင် မရမ်းကုန်းမြို့နယ် အမှတ်(၄) ရပ်ကွက်ရှိ ကျိုက်ဝိုင်းဘုရားလမ်း (အောင်သပြေ ရဲရိပ်သာဝန်း) ရေမြောင်းရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ (၂၈)ကြိမ်မြောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဝတ်အသင်းများ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ် ဆုချီးမြှင့်ပွဲ ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် မြစ်ကြီးနားမြို့နယ် ဗုဒ္ဓဘာသာသာသနာရေးရာအဖွဲ့က ကြီးမှူးကျင်းပသည့် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဝတ်အသင်းများ (၂၈) ကြိမ်မြောက် ဗုဒ္ဓ‌ဒေသနာတေ ာ်ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမာန်တော်၌ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြသည်။
Subscribe to