ကန့်ဘလူမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။

ပေါင်းတည်၌ မြို့နယ်ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းနှင့် အသစ်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းနှင့်  အသင်းအမှုဆောင်များ ပြန်လည်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ ယုဇနခန်းမ၌ ပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို  ယမန်နေ့နံနက်(၈)နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့(အကြို) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် ၃-၇-၂၀၂၅ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၈-၆-၂၀၂၅ ရက်နေ့နံနက်ပိုင်းက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

ကန့်ဘလူမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။

မုံရွာမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်က အမှာစကားပြောကြားသည်။

တမူးမြို့တွင်(၇၈)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ်  စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ဇွန် (၃၀)ရက်နေ့ နေ့လယ်ပိုင်းက အခွန်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းပွဲကျင်းပသည်။
Subscribe to