ပွင့်ဖြူမြို့နယ်၌ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ပျဉ်းမနား မြို့မဈေး၌ မီးဘေးလုံခြုံရေးစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ကွင်းဆင်းအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟ ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်၊ ပျဉ်းမနားမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်သူရကျော်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များသည် ပျဉ်းမနားမြို့မဈေးတာဝန်ခံတို့နှင့်အတူ ဈေးအတွင်း/အပြင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဈေးသူဈေးသားများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လမ်းကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

သာယာဝတီခရိုင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် အောင်မြင်ရေးတွေ့ဆုံဆွေးနွေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပဲခူးတိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် သာယာဝတီခရိုင် ကျေးလက်လမ်း​ဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနနှင့်ဦးစီးဌာန၏ မူဝါဒများရည်မှန်းချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် ရုံးလုပ်ငန်းများ အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။

ကလောမြို့၌ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ Hill Top Villa Hotel ၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်‌ရောက်ခဲ့ကြသည်။

ကလေးဝမြို့တွင် Fire hotspot အရေအတွက် လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် Fire hotspot အရေအတွက် လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းခရိုင်၊ ဟိုပင်နယ်‌မြေမီးသတ်စခန်း အဆောက်အအုံသစ်ဖွင့်လှစ်ပေး၊ ခရိုင်အတွင်းရှိ တောင်သူများ၊ မိုးညှင်းတက္ကသိုလ် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၊ နေရပ်စွန့်ခွာမိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စားရေရိက္ခာဖူလုံရေး၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အုတ်တွင်းမြို့နယ်နှင့် ကျွဲပွဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ယခုအခါပူပြင်းခြောက် သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက်ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေး လိုက်လံကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ်နှင့် ကျွဲပွဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်သို့ သွား​ရောက်ကွင်းဆင်း စစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်းနှင့် မီးသတ်ရေသယ်ယာဥ်ဖြင့်ရေစို ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ကတ်များ ထုတ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade 12 တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရန် ဖြေဆိုခွင့် ယာယီကတ်ပြားများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီးသက်ဆိုင်ရာ အခြေခံပညာကျောင်းများ၌ ထုတ်ပေးလျက်ရှိသည်။

တောင်ငူမြို့နယ်၌ Grade-9 ၊ Grade-5 နှစ်ဆုံးစာမေးပွဲဖြေဆို

၂၀၂၅- ၂၀၂၆ ပညာသင်နှစ် Grade-9 ၊ Grade-5 နှစ်ဆုံးစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ Grade-9 ၊ Grade-5 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက ဆက်လက်ဖြေဆိုသည်။

တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လုပ်ငန်းအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လုပ်ငန်းအဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီက စစ်ကိုင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to