ဒေါပုံမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၂၇)ရက် နေ့လယ် (၂)နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။