ဒိုက်ဦး ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-9 သမိုင်းဘာသာရပ်နှင့် Grade-5 လူမှုရေးဘာသာရပ်ကို ယနေ့နံနက် ၉နာရီက ဆက်လက်ဖြေဆိုသည်။
အဆိုပါစာမေးပွဲကျင်းပရာတွင် ဒိုက်ဦးမြို့နယ်ရှိ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ Grade-9 သမိုင်းဘာသာရပ်စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၄၄)ဦး Grade–5 လူမှုရေးဘာသာရပ်စာမေးပွဲအား အခြေခံပညာကျောင်း၊ ပုဂ္ဂလိကနှင့်ဘုန်းတော်ကြီးသင်ကျောင်းများမှ Grade-5 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၇၅၈)ဦးတို့က အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနေကြကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကိုအေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး ဦးမင်းကျော်ဉာဏ်ခိုင်နှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက စာစစ်ဌာနများတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)