နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့ အဟာရသုခဈေး ယာယီဈေးဆိုင်ခန်း ဆောင်ရွက်ထားရှိမှု လယ်ဝေးမြို့ H1 လမ်း ကွန်ကရစ်လမ်းခင်းကျင်းနေမှုနှင့် နေပြည်တော်ကောင်စီလမ်း နိုင်လွန်ကတ္တရာ (AC) ခင်းကျင်းနေမှုတို့အား ကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပျဥ်းမနားမြို့နယ်၊ အာဟာရသုခဈေးသို့ သွားရောက်ပြီး မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဈေးဆိုင်ခန်းများအစား ယာယီဈေးဆိုင်ခန်း ဆောင်ရွက်ထားရှိမှုနှင့် ဈေးဆိုင်ခန်းအတွင်း ဈေးရောင်းချနေမှုအခြေအနေများကိုလည်းကောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့မှုများအား ဖယ်ရှားရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဈေးအုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများအား မီးလောင်မှုထပ်မံမဖြစ်ပွားစေရေး အလေးထားဂရုပြုဆောင်ရွက်ရန်၊ ဈေးဆိုင်ခန်းများ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဈေးသူဈေးသားများအား တာဝန်ရှိသူများအနေဖြင့် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ဈေးအတွင်း ရေးစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။