လသာမြို့နယ်၌ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

လသာ ဖေဖော်ဝါရီ ၂၈

လသာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ အမှတ်(၉)နှင့် အမှတ် (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များပူးပေါင်း၍ ယ‌မန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဝက်သက်-ဂျိုက်သိုး ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို  ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းတွင် အသက် (၉) လ မှ (၁၅) နှစ်အတွင်း ကလေးငယ်များအား ရောဂါကာကွယ်ရေးအတွက်လိုအပ်သည့် ဝက်သက်-ဂျိုက်သိုးရောဂါ (MR) ကာကွယ်ဆေးများကို စနစ်တကျစာရင်းသွင်း၍ ထိုးနှံပေးခဲ့ပြီး မိဘများအားလည်း ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာများ ပညာပေးရှင်းလင်းခဲ့ကြသည်။

လသာမြို့နယ်အတွင်း ကလေးငယ်များ ရောဂါကင်းဝေးစေရန်နှင့် ပြည်သူလူထု ကျန်းမာရေး ကောင်းမွန်စေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လိုအပ်သည့် ကျန်းမာရေးကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)