လသာ ဖေဖော်ဝါရီ ၂၈
ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း ဦးဆောင်သော ပေါင်းစပ်အဖွဲ့များသည် ယမန်နေ့နေလယ်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ ဈေးများအတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း၊ ကျောက်တံတားခရိုင် မီးသတ်မှ ဦးစီးမှူး ဦးမျိုးမင်းထက်၊ ကျောက်တံတားခရိုင် စည်ပင်သာယာစျေးများရုံးမှ တာဝန်ခံအရာရှိ၊ လသာမြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စျေးတာဝန်ခံပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် အပေါ့မီးသတ်စက် စမ်းသပ်မောင်းနှင်ခြင်း၊ မြေအောက်ဓါတ်အားခွဲရုံစစ်ဆေးခြင်း၊ ရေလှောင်ကန်နှင့် မီးသတ်ရေလှောင်ကန်နှင့် မီးဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နေလင်း(ပြန်/ဆက်)