တနင်္သာရီတိုင်းဒေသကြီးမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နည်းပြဆရာဖြစ်သင်တန်းနှင့်ဆင့်ပွား(စက်ကိုင်) သင်တန်းများ ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း
တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နည်းပြဆရာဖြစ် သင်တန်းနှင့်ဆင့်ပွား(စက်ကိုင်) သင်တန်းများဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။