သထုံမြို့ သမိုင်းဝင်လာဝစေတီတော်မြတ်ကြီးအား ကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ မြသပိတ်တောင်တန်းပေါ်ရှိ လာဝစေတီ‌(ခေါ်)ဇိနမာန်အောင် ပြည်လုံးချမ်းသာ မဟာစက္ကဝရဇိန်ဘုရားကြီးအား ယမန်နေ့ နံနက်က သံဃာတော်များဦးဆောင်၍ လိပ်အင်းရပ်ကွက်ရှိ ပဉ္စဂီရိချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်ကျောင်းမှ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ အလှူရှင်များက ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်းနှင့် ကြာသင်္ကန်းတော်ဆက်ကပ်ပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် ၂၀၂၆-ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်စကားဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့မဈေးကြီးအား မီးဘေးလုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်တွင်း မီးဘေးလုံခြုံရေး လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ် (၁)နာရီခွဲ အချိန်၌ ဘိုကလေးမြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေးနှင့် စပ်လျဉ်းသည်များအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

မြဝတီမြို့ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးကော်မတီ၏ မြေယာအသုံးချမှုနှင့်ပတ်သက်၍ အသိပညာပေးအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၂) တံတားလမ်းရှိ မြို့တော်ခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်၌ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် မြေယာအသုံးချမှုနှင့်ပတ်သက်၍ အသိပညာပေးအခမ်းအနားကိုကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဇော်မော်အောင်၊ ခရိုင်ဥပဒေအရာရှိ ဦးဝင်းရီ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးသောင်းထွဋ်၊ ခရိုင်သစ်တော ဦးစီးမှူးဦး အောင်စိုးတင့်၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ထွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အ မှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူးဦးကျော်ကျော်ဦးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြဝတီမြို့ အိမ်ခြံမြေအကျိုးတော်ဆောင်အသင်းမှတာဝန်ရှိသူများ၊ ​မြို့နယ်/ကျေးရွာများရှိ တောင်သူများတက်ရောက်ခဲ့ကြသည်။

မန္တလေးမြို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော သောက်ရေအိုးစင် ယဉ်ကျေးမှုတစ်ခေတ်ဆန်းစေဖို့ ဟေမမာလာတောင် ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ ရေသန့်အလှူတော် အခမ်းအနားဖွင့်ပွဲ ကျင်းပ

မန္တလေးမြို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော သောက်ရေအိုးစင် ယဉ်ကျေးမှုတစ်ခေတ်ဆန်းစေဖို့ ဟေမမာလာတောင် ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ ရေသန့်အလှူတော် အခမ်းအနားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဟေမမာလာတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

နမ့်စန်မြို့ ပြည်သူ့ဆေးရုံတွင် လွိုင်လင်ခရိုင်မှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအခမဲ့ကွင်းဆင်းဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် လွိုင်လင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်သူ ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် နမ့်စန်မြို့နယ်အတွင်းရှိ ပြည်သူများ၏ရောဂါဝေဒနာများ အားအခမဲ့စမ်းသပ် စစ်ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီကစတင်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ် ဟားခါးပညာရေးဒီကရီကောလိပ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်

အလုံမြို့နယ် ဟားခါးပညာရေးဒီကရီကောလိပ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ေပးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့သည်။

ရွှေဘိုမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ၊မိသားစုဝင်များနှင့် ရွှေဘိုမြို့မြောင်းကြီးကျေးရွာရှိ 230KV ပင်မဓာတ်အားခွဲရုံမှ ဝန်ထမ်းများအား မီး‌ဘေးအသိ၊ မီးဘေးသတိရှိ‌စေရေး၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လည်ပိုင်းက အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက် ၉ လမှ ၁၅ နှစ်အတွင်း ကလေးများအား ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များမှ မိဘမဲ့ကျောင်းများ၊ IDP camp များ၊ ဘုန်း‌တော်ကြီး‌‌ကျောင်းများ၊ သီလရှင်ကျောင်းများရှိ လူစုလူဝေးဖြင့် နေထိုင်သည့်နေရာများတွင် အသက် ၉ လမှ ၁၅ နှစ် ကလေးများ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၇ ရက်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်)၊ အမှတ်(၁၆)ရပ်ကွက်နှင့် အမှတ်(၄၂)ရပ်ကွက်တို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကျင်းမှူးကျင်းပသည့် ကလပ်ပေါင်းစုံအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ME STYLE CUP ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၃ နာရီက မြို့နယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to