စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့အတွင်း လှည့်လည်ပူဇော်ခြင်းနှင့် စေတီတော်ကြီးသို့ ပင့်ဆောင်ခြင်းအခမ်းအနားတက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၂၈

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့ အတွင်းလှည့်လည်ပူဇော်ခြင်းနှင့် စေတီတော်ကြီးသို့ ပင့်ဆောင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူဝိပဿနာတက္ကသိုလ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီးလခံယူဆောက်တည်ကြသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလှူရှင်များက ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့အတွင်း လှည့်လည်ပူဇော်ရန်အတွက် မော်တော်ယာဉ်ပေါ်သို့ ပင့်ဆောင်ခဲ့ကြသည်။

ဆက်လက်၍ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူဝိပဿနာတက္ကသိုလ်မှ ကျော်ထက်လမ်းဆုံ၊ ကမ်းနားလမ်းနှင့် စစ်ကိုင်း-မုံရွာ ကားလမ်းတစ်လျှောက် စူဠာမဏိကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ လှည့်လည်ပူဇော်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧရာဝတီမြစ်ကမ်း စစ်ကိုင်း-မင်းကွန်းကားလမ်း ရေတိုက်စားမှုကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြုသံကူကွန်ကရစ် ၆၄၀-‌ပေ ဆောင်ရွက်နေမှုလုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ဘိုးပိုင်အခြေပြုသံကူကွန်ကရစ်လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု သံကူကွန်ကရစ်လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)