သင်္ဃန်းကျွန်း ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သည့် မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ အသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်္ဃန်းကျွန်းမြို့နယ် သမဝါယမအသင်းစု ဒုတိယဥက္ကဋ္ဌ ဦးကျော်သောင်းက ဆက်လက်ပြောကြားသည်။ ထို့နောက် သင်တန်း၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား ဦးအောင်စိုးနှင့် တာဝန်ရှိသူများက ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)