ကျောက်တံတား ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာအလင်းခေတ်မီစာကြည့်တိုက်တွင် အများပြည်သူလေ့လာဖတ်ရှုနိုင်ရန်အတွက် ဇွန် ၁၁ ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင်အလှူရှင်(၂)ဦးမှ စာအုပ်များလာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ စာအုပ်များလှူဒါန်းရာတွင် ကျောက်တံတားမြို့နယ် ပညာအလင်းခေတ်မီစာကြည့်တိုက်တွင် အများပြည်သူများလေ့လာဖတ်ရှုနိုင်ရန်အတွက် စာရေးဆရာမ ညွန့်ညွန့်(ကလော)က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၊ နှစ်(၆၀)ပြည့်အထိမ်းအမှတ် မဂ္ဂဇင်းအားလည်းကောင်း၊ တက္ကသိုလ်ဟန်မင်းဦးက ပြိုင်ပွဲဝင် ဆုရဓာတ်ပုံမှတ်တမ်းစာအုပ်(၅)အုပ်ကိုလည်းကောင်း လာရောက်လှူဒါန်းရာ ဦးစီးအရာရှိ ဦးမြင့်ရွှေက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)