ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဈေးပိတ်ချိန်တွင် မီးဘေးလုံခြုံရေးစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု/ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် (၃၀) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဒဂုံရွှေပြည်ဈေး၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ ည ၆ နာရီက စစ်‌ဆေးဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အတွင်း ကျောင်းကျန်းမာရေး စောင့်ရှောက်မှုပဏာမ မျက်စိကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် အစိုးရ၏ ရက်(၁၀၀)စီမံချက်တွင် ပါဝင်သော ကျောင်းသား/ ကျောင်းသူများ မျက်စိကျန်းမာရေးကောင်းမွန်စေရေးအတွက် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးသည်။

ကျောက်ဆည်မြို့အတွင်းရှိ ကျေးရွာ ၃ ရွာနှင့် ရပ်ကွက် ၁ ရပ်ကွက်မှ ပြည်သူများအား စားအုန်းဆီများရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ  ၇ ရွာနှင့် ရပ်ကွက် ၁ ရပ်ကွက်မှ ပြည်သူများအား ယမန်နေ့က ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ စားအုန်းဆီ ၁ ပိဿာ ငွေ ၈၆၈၀ ကျပ်ဖြင့်  ရောင်းချပေးခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁)နှစ်မြောက်အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားအား ယနေ့နံနက် (၉)နာရီက မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပပြုလုပ်သည်။

မိတ္ထီလာခရိုင်၌ ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်မှု တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်မှု တောင်သူနည်းပညာသင်တန်းကို ဇွန်လ ၁၂ ရက်နေ့  နံနက်က ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ “ပညာရေးဖြင့် နိုင်ငံအနာဂတ်ဖော်ဆောင်စို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ “ပညာရေးဖြင့် နိုင်ငံအနာဂတ်ဖော်ဆောင်စို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။

တာမွေမြို့နယ်၌ ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုနှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ပန်းတနော်မြို့နယ်၌ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားရင့်သန်လာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံပြီး အနာဂတ်နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်နှင့် လူထုရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်သည့် အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်ကာ လူငယ်စကားဝိုင်းကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပင်မြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီက ငါးမိုင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
Subscribe to