ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အ.လ.က(၁)ကျောင်းတွင် Football For School Launching Ceremony ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒဂုံအရှေ့ ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်()အ‌ခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန၏ ရက် ၁၀၀ လုပ်ငန်းတွင် ပါဝင်သည့် အခြေခံပညာဦးစီးဌာန၏ Football For School Launching Ceremony ဖွင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းရှိ ဖူဆယ်‌ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးအား အားကစားသမားများက အလေးပြုကြပြီး  အားကစားအဓိဌာန်ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှု‌ရေးရာဝန်ကြီး ဦးဗိုလ်ဌေးက အဖွင့်အမှာစကား ပြောကြားပြီး  ကမ္ဘ့ာဘောလုံးအဖွဲ့ချုပ်(ဗီဗာ)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်‌ကျောင်းများသို့ No.4 ဘောလုံး( ၃၉၀၂)လုံးအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းအောင်ထံသို့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ MFF”D” Certificate Coaching Course တက်ရောက်ခဲ့သည့် ကာယပညာဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူ အားကစားသမားများအား Football For School သင်ခန်းစာများ လက်တွေ့သရုပ်ပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူး ကြီးဝင်းတင့်၊ လူမှူရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဦးမျိုးဝင်းအောင်၊ မြန်မာနိုင်ငံ‌ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ