တံတား ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ အမှတ် (၄) ရပ်ကွက်ကွင်းအမှတ် (၅၄၇)၊( ၁၀)ဧကရှိ တောင်သူဦးမြရွှေ၏ လယ်မြေ၌ မိုးစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ထို့နောက် သန်လျင်ခရိုင်၊စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဦးဝင်းသန်းက (Seeder) မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်က (Seeder) တိုက်ရိုက်စပါးစေ့ချကိရိယာအသုံးပြုပုံ၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဝင်းထွန်းက တိုက်ရိုက်အစေ့ချစိုက်ပျိုးရာတွင် စိုက်နည်းစနစ် မှန်ကန်စေရေးတို့အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မိုးစပါးလက်တွေ့စိုက်ပျိုးပြသပွဲသို့မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ