နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ ပျဉ်းမနားမြို့နယ်၌ကျင်းပသည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်
၂၀၂၆ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၂) ကျွန်းတော်ဝင်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ (၈)ရပ်မှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၂) ကျောင်းအုပ်ကြီး ဦးမျိုးမင်းကို၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများ တက်ရောက်သည်။