ကော့မှူးမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက လူငယ်စာပေ ဝါသနာရှင်များနှင့် လူငယ်စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာ ခြည်စိမ့်နှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်ဇော် (ခင်ဇော်-ကော့မှူး) တို့က ပြောကြားရာ တွင်ကျောင်းသား၊ ကျောင်းသူများ တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ပြီး နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည်သူများ ဖြစ်သောကြောင့် လူငယ်လူရွယ်များအကျင့် စာရိတ္တများ ကောင်းမွန်စေရေး စာအုပ်စာပေ‌များ လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ မြန်မာစကားပုံတွင် ရေအသက်တစ်မနက် ထမင်းအသက်ခုနစ်ရက်ဟူ၍ရှိကြောင်း၊ အလားတူ စာပေအသိပညာမရှိပါက အခက်အခဲအကျပ်အတည်းများနှင့် ကြုံတွေ့နိုင်ကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်အား ဝေဖန်ပိုင်ခြားနိုင်သဖြင့် စာအုပ်စာပေများအား စဉ်ဆက်မပျက်လေ့လာဖတ်ရှုကြရန်လိုကြောင်း၊ စာအုပ်၊ စာ‌စောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ရရှိနိုင်သောအကျိုး ကျေးဇူးများ၊စာဖတ်ဝိုင်း ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စာပေဝါသနာရှင် မသက်ထားက စာရေးဆရာဖေမြင့်ရေသားသည့် ဘဝတိုးတက်မှု စာဖတ်ခြင်းစာအုပ်ထဲမှာ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ နောင်သီဟအောင်က ဘီလ်ဂိတ်(စ)ညွှန်းသောစာအုပ်များခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)