မအူပင်မြို့ ထက်မြတ်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

မအူပင် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ ထက်မြတ်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကျင်ပပြုလုပ်သည်။

ဦးစွာ ထက်မြတ်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်စိုးစိုးဝင်းမှအသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး‌ ဦးဟန်လင်းထွဋ်မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရန် နည်းလမ်းများအားလည်းကောင်း၊ ဆောင်ရန်ရှောင်ရန် အချက်များအားလည်းကောင်း အသိပညာပေးဟောပြောသည်။

ဆက်လက်၍ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ လူငယ်နှင့်ဆိုရှယ်မီဒီယာဆိုင်ရာအကြောင်းအရာများအားလည်းကောင်း၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအားလည်းကောင်း အသိပညာပေး ဟောပြောပြီး ထက်မြတ်ရတနာကိုယ်ပိုင် အထက်တန်းကျောင်း ဒုတိယကျောင်းအုပ်ဆရာကြီး ဦးမြင့်သိန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

 အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မအူပင်ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်လင်းထွဋ်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့်ဝန်ထမ်းများ၊ ထက်မြတ်ရတနာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြရာ တာဝန်ရှိသူများမှ ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်ဆက်)