ကျေးသီး မတ်လ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် စာပေဝါသနာရှင်များအသင်း Women Club ၏ ပုံမှန်စာဖတ်ဝိုင်းကို မတ်လ ၂ ရက်နေ့ နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်စန်းစန်းယဉ်နှင့် Women Club အဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်စန်းစန်းယဉ်က စာဖတ်ဝိုင်းများ လစဉ်ပုံမှန်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက စာရေးဆရာဦးချစ်နိုင်(စိတ်ပညာ)၏ “ဘဝပန်းတိုင်” ရသစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)