ဟိုပုံးမြို့နယ်၌ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဟိုပုံး မတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွမ်းလောင်းပွဲတော်ကို  မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများမှ သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၆၀၀)ပါးတို့အား ပင့်ဖိတ်ကာ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးမှစတင်၍ ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမှတစ်ဆင့် ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း မြို့ပတ်လမ်းတစ်လျှောက် လှည့်လည်ကြွမြန်းကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး သန်းဋ္ဌေးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စုပေါင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)