ရွှေတောင် မတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း (၆) မျိုး အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ ၃ ရက်နေ့မှ မတ်လ ၁၆ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး မြို့နယ်ပြည်သူ့အားကစားခန်းမနှင့် အားကစားကွင်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ဂျူဒို၊ လက်ဝှေ့၊ မြန်မာ့သိုင်း၊ အေရိုးဗစ် စသည့် အားကစားနည်းများကို သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သင်တန်းပြီးဆုံးပါက သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)