တိုက်ကြီး မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် တိုက်ကြီးမြို့မဈေး၌ ပွင့်လင်းရာသီတွင် ဈေးများ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်နှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် ဈေးသူဈေးသားများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)