မူဆယ် မတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအဆင့် လူရည်ချွန်ရွေးချယ်ခံရသည့် ကျောင်းသား/ကျောင်းသူ ၄ ဦးရှိကြောင်း သိရှိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအဆင့် နဝမတန်း၊ ဒသမတန်း၊ ဧကာဒသမတန်းနှင့် ဒွါဒသမတန်းတို့အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ခရိုင်အလိုက် လူရည်ချွန်ရွေးချယ်ခံရသူစာရင်းကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဖေဖော်ဝါရီလ (၂၇)ရက်နေ့က ထုတ်ပြန်ကြေညာရာ တစ်နိုင်ငံလုံးတွင် နဝမတန်းအတွက် ၉၆ ဦး၊ ဒသမတန်းအတွက် ၁၃၂ ဦး၊ ဧကာဒသမတန်းအတွက် ၁၃၃ ဦးနှင့် ဒွါဒသမတန်းအတွက် ၉၉ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါသည်။
မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် အဆိုပါ အခြေခံပညာအဆင့် လူရည်ချွန်ရွေးချယ်ခံရသည့် ကျောင်းသား/ကျောင်းသူ ၄ ဦး ရှိခဲ့ပါသည်။ နဝမတန်းတွင် ကျောင်းသူ ၁ ဦး၊ ဒသမတန်းတွင် ကျောင်းသူ ၁ ဦး၊ ဧကာဒသမတန်းတွင် ကျောင်းသား ၁ ဦးနှင့် ဒွါဒသမတန်းတွင် ကျောင်းသား ၁ ဦး၊ စုစုပေါင်း ၄ ဦး ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)