မိတ္ထီလာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေး

မိတ္ထီလာ မတ် ၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌  မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊အကြံပြုခြင်း လုပ်ငန်းများကို ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မတ် ၄ ရက် နံနက် ၁ဝ နာရီက ဝန်ဇင်းရပ်ကွက်ရှိလူနေအိမ်များသို့ တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးများဆောင်ရွက်ထားမှု ရှိ မရှိ စစ်ဆေးခြင်း၊ အကြံပြုခြင်းများကို ခရိုင်၊မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ကြောင်းသိရသည်။

ချမ်းသာ