မူဆယ် မတ် ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနတွင် လျှပ်စစ်နှင့် မီးဘေးအန္တရာယ် လုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် လိုက်လံစစ်ဆေးကြောင်း သိရှိရသည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအား လျှပ်စစ်မီးအလင်းရောင် ကောင်းမွန်စွာရရှိနိုင်ရန်နှင့် မီးဘေးအန္တရာယ်များမဖြစ်ပေါ်စေရန် ရည်ရွယ်၍ မူဆယ်မြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် လျှပ်စစ်မီးအဝင်မိန်းခလုတ်များ၊ စာဖြေခန်းအတွင်းမှ လျှပ်မီးချောင်းများ၊ ကျောင်းဆောင်များတွင်ထားရှိသည့် အရေးပေါ်မီးသတ်ဆေးဘူးများ၊ ရေကန်ထားရှိမှုနှင့် မီးစက်အသုံးပြုနေမှုများကို မူဆယ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံ၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)