ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇီးကုန်းမြို့နယ် စည်ပင်သာယာဈေးအား ကြည့်ရှုစစ်ဆေး

ဇီးကုန်း မတ် ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် မတ်လ ၄ ရက်က နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စည်ပင်သာယာဈေးအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။

ဝန်ကြီးချုပ်သည် မြို့နယ်စည်ပင်သာယာဈေးအတွင်းရှိ B-3 ယာယီဈေးရုံသစ်အား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဈေးတာဝန်ခံနှင့် ကော်မတီအဖွဲ့ဝင်များက လိုက်လံရှင်းလင်းပြသခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်သည် B-3 ယာယီဈေးရုံ ရေထုတ်မြောင်းပြုလုပ်ပေးရန်၊ လျှပ်စစ်မီးကြိုးများ အသစ်လဲလှယ်ဆောင်ရွက်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်