မိတ္ထီလာ မတ် ၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ဆောင်းကြက်သွန်နီစိုက်ဧက ၁၅၈၇ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးကြပ်ပြီး မြို့နယ်အတွင်း ကြက်သွန်နီစိုက်ပျိုးသည့် စိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မြို့နယ်အတွင်း၌ ဆောင်းကြက်သွန်နီစိုက်ပျိုးဧက ၁၄၃၉ ဧက စိုက်ပျိုးရန် သတ်မှတ်လျာထားခဲ့ပြီး မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆောင်းကြက်သွန်နီကို စိုက်ပျိုးလျက်ရှိသည်။ ထိုသို့စိုက်ပျိုးရာတွင် စိုက်ပျိုးဧကများပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ လိုအပ်သည့် နည်းပညာများ ပံ့ပိုးကူညီ၍ ဒေသခံကြက်သွန်နီစိုက်ပျိုးတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ဆောင်းကြက်သွန်နီစိုက်ပျိုးဧက ၁၅၈၇ ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် သတ်မှတ်လျာထားစိုက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)