နေပြည်တော် ဇွန် ၁၃
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် ဒေသခံတောင်သူများအား သဘာဝမြေဩဇာ ဘိုင်အိုချာ ထုတ်လုပ်နည်း လက်တွေ့ပြုလုပ်ပြသခြင်းအား ယမန်နေ့နံနက်ပိုင်းက ချိုင်းကျေးရွာ တောင်သူ ဦးကျောက်၏ နေအိမ်ခြံဝင်း၌ ဆောင်ရွက်သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြင့်နိုင်က သဘာဝမြေဩဇာ ဘိုင်အိုချာပြုလုပ်နည်းအဆင့်ဆင့်၊ လိုအပ်သည့်ပစ္စည်း၊ ထည့်သွင်းအသုံးပြုရန်နှုန်းထားများ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် သဘာဝမြေဩဇာ ဘိုင်အိုချာပြုလုပ်ပုံအဆင့်ဆင့်ကို တောင်သူများအား လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)