တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

 ရန်ကူန် ဇွန် ၁၃

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယ​မန်နေ့နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦး ရှိသည့်အနက် ၁၁၉ ဦး တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၈) ဦး၏ မေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း၊ လွှတ်တော်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်သော ကော်မတီ(၂)ခုတို့တွင် ကော်မတီဝင်အသစ်များ ထည့်သွင်းတာဝန် ပေးအပ်ခြင်းနှင့်အတည်ပြုခြင်း၊ ဥပဒေကြမ်းကော်မတီက “ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာဥပဒေကြမ်း”အား အစီရင်ခံစာဖတ်ကြားတင်ပြခြင်း၊ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်ရှိပါကအမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ပြီး နေလယ်ပိုင်းတွင် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယနေ့ အစည်းအဝေး ရပ်နားခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်