ကွန်ဟိန်းမြို့၌ ရှမ်းပြည်နယ်အစိုးရမှ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် (Urea) ပုလဲဓာတ် မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရမှ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် (Urea) ပုလဲဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ် (မြေအောက်ရေ) အသုံးပြု၍မိုးစပါးစိုက်ပျိုးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ မိုးစပါး စိုက်ပျိုးခြင်းကို ယနေ့နံနက်(၈)နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ ကွင်းအမှတ်၊ ၈၆၁-B၊ တောင်သူဒေါ်စိန်ရင်၏ (၁)ဧက စိုက်ကွက် တွင်ဧရာပဒေသာမျိုး စိုက်ပျိုးခဲ့သည်။

ကျောက်ဆည်မြို့နယ်ရန်ပုံနှစ်ကျေးရွာတွင် စိုက်ပျိုးထားသောခရမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းရသဖြင့် မိသားစုများအဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ခရမ်း၊ ရုံပတီ၊ ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း စသည့် ဟင်းသီး၊ ဟင်းရွက်များ တစ်နိုင်တစ်ပိုင် ပိုမို စိုက်ပျိုးကြရာ ရန်ပုံနှစ်ကျေးရွာတွင်စိုက်ပျိုးထားသော ခရမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းရသဖြင့် မိသားစုစားဝတ်နေရေးဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို့တွင်စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှကြီးမှူး ကျင်းပသောစားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းအချိန် ရွှေဘိုမြို့ အမှတ်(၁)စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ကရသူရိမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊    ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝပြီး အနာဂတ်တွင် အဖိုးတန်သားကောင်း ရတနာများ ပေါ်ထွန်း စေရေးလူငယ်ရေးရာ အသိပညာပေးဟော ပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောင်းခန်းမဆောင်၌ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

ထားဝယ်မြို့တွင်အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီ ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား

ထားဝယ်မြို့နယ်အားကစားနှင့် ကာယညာကော်မတီဥက္ကဋ္ဌ ဖလားကျောင်းပေါင်းစုံ အသက်(၁၈)နှစ် အောက်အမျိုးသား/အမျိုးသမီးဘော်လီဘော ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုဩဂုတ် ၁၂ ရက်နေ့ညနေပိုင်း က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

တမူးမြို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိ ပညာပေး ဟောပြောပွဲကို သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀  နာရီအချိန်က အမှတ်( ၁) အခြေခံပညာ အထက်တန်းကျောင်း ကဘော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများသို့ (၁)ဧက အထွက်နှုန်းတိုးစေရန် သွင်းအားစုများနှင့် ရေကြီးရေလျှံမှုကြောင့်ပျက်စီးဆုံးရှုံးသွားသော တောင်သူများအား GW-11 မျိုးများထောက်ပံ့

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများသို့ (၁)ဧက အထွက်နှုန်းတိုးစေရန် သွင်းအားစုများနှင့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံး သွားသောတောင်သူများအား GW-11 မျိုးများထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ်(၁၂) ရက်နေ့လယ် (၂)နာရီတွင် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ပြည်မြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ပြည်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ် အသိဉာဏ်ပညာဗဟုသုတနှင့်ပြည့်စုံသည့် လူတော်လူကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ၊ အတွေးအခေါ်မှန်ကန်ရေးနှင့် အသိဉာဏ်ပညာတိုးပွားစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စီစဉ်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၂ ရက် ၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to