ထားဝယ်မြို့တွင်အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီ ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား

ထားဝယ် ဩဂုတ် ၁၃

ထားဝယ်မြို့နယ်အားကစားနှင့် ကာယညာကော်မတီဥက္ကဋ္ဌ ဖလားကျောင်းပေါင်းစုံ အသက်(၁၈)နှစ် အောက်အမျိုးသား/အမျိုးသမီးဘော်လီဘော ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုဩဂုတ် ၁၂ ရက်နေ့ညနေပိုင်း က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသော အမျိုးသမီးအမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်းအသင်းနှင့်အမှတ် (၃)အခြေခံပညာ အထက်တန် းကျောင်းအသင်း၊ အမျိုးသား အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းအသင်းနှင့် ဆရာမိုဒီကိုယ်ပိုင်အထက်တန်းကျောင်း အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားနှင့်အားကစားဝါသနာရှင် များက ကြည့်ရှုအားပေးခဲ့ ကြသည်။

ထို့နောက်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပွဲစဉ်တစ်လျောက်ပါဝင်ကူညီ ဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့ အားဂုဏ်ပြုဆုချီးမြှင့်ပြီး ထားဝယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက (ပထမ၊ ဒုတိယ)ဆုရရှိသော အသင်းများအား တစ်ဦးချင်းဆုနှင့်ငွေသားဆု ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ထက်နောင်က ပထမဆုရရှိသည့် အမျိုးသမီး အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းအသင်းနှင့် အမျိုးသားအမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်းအသင်းတို့အားတံခွန်စိုက် ဆုဖလားပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)