မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ် (မြေအောက်ရေ) အသုံးပြု၍မိုးစပါးစိုက်ပျိုးခြင်းဆောင်ရွက်

အထက်မင်းလှ   ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ မိုးစပါး စိုက်ပျိုးခြင်းကို ယနေ့နံနက်(၈)နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ ကွင်းအမှတ်၊ ၈၆၁-B၊ တောင်သူဒေါ်စိန်ရင်၏ (၁)ဧက စိုက်ကွက် တွင်ဧရာပဒေသာမျိုး စိုက်ပျိုးခဲ့သည်။

အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင် စနစ်(မြေအောက်ရေ) အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း ဆောင်ရွက်ရာတွင်ကွင်းအမှတ် (၈၆၁-B)တွင်စိုက်ဧရိယာဧ ကပေါင်း (၃၈၀)ဧကရှိပြီး တောင်သူပေါင်း(၃၂၁) ဦးခန့် စိုက်ပျိုးလုပ်ကိုင်လျက် ရှိကြောင်း၊ မြောင်းဖျား ဧရိယာများဖြစ်၍သီးနှံ‌ရေ    လိုအပ်ချိန်တွင် ရေကိုလိုအပ်သလိုသွင်းယူနိုင်ရန် ဦးခင်အောင်ရွှေ အပါတောင်သူ(၃)ဦးတို့၏ လယ်ယာ မြေအတွင်း၌ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြေအောက်ရေတွင်းကို 550Wဆို လာသုံး ချပ်တပ်ဆင်ပြီး နေရောင်ခြည်စွမ်းအင်သုံးဆိုလာမှ လျှပ်စစ်မီး 1.6KWထွက်ရှိကာ မြင်းကောင်ရေ 1.5hp မော်တာအသုံးပြု၍စိုက်ပျိုး ရေရှိအောင်ကူညီဆောင်ရွက်ပေးထားကြောင်းမင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်း အင်းဦးစီး ဌာနတို့မှ သိရသည်။     

မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့်စိုက်ပျိုးရေရရှိရေးအတွက် တောင် သူ(၃)ဦးအား ချေးငွေကျပ်(၇.၀၅)သန်း ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါနိုင်ငံ့ စီးပွားမြှင့် တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ မိုးစပါး စိုက်ပျိုးခြင်း ဆောင်ရွက်ရာသို့ မြို့နယ်နိုင်ငံ့စီးပွားမြှင့် တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ အားပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ဒေခံတောင်သူများ စိုက်ပျိုးထား သည့် ဆီထွက်သီးနှံမိုးနှမ်းနှင့် နေကြာစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)