မိုးကောင်း ဩဂုတ် ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများသို့ (၁)ဧက အထွက်နှုန်းတိုးစေရန် သွင်းအားစုများနှင့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံး သွားသောတောင်သူများအား GW-11 မျိုးများထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ်(၁၂) ရက်နေ့လယ် (၂)နာရီတွင် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းက ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွေးလှိုင်က ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောစပ်အသုံးပြုပုံ၊ စပါးသီးနှံတွင် မြေဩဇာအချိုးကျသုံးစွဲရေးနှင့် GW-11 စိုက်ပျိုးရေးနှင့်